မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် MSME ထုတ်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

မကွေး  အောက်တိုဘာ ၄

ကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ MSME ထုတ်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က အဆိုပါရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်များ ရောင်းချထုတ်လုပ်ရာတွင် ထုတ်ပိုးမှုကောင်းမွန်ပြီး တာရှည်ခံရန် လိုအပ်ပါကြောင်း၊ ထို့အတူ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရာတွင်လည်း အရည်အသွေးရှိရှိ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်းနှင့် တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် MSME ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် သုံးစွဲသူပြည်သူများ စိတ်ပါဝင်စားမှုနှင့် ဆွဲဆောင်မှုရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုဝေဖြိုးက MSME ထုတ်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး  တက်ရောက်လာသည့် လုပ်ငန်းရှင်များက MSME ထုတ်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)