ရွှေသောင်ယံ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုတို့တွင် ယနေ့ (၄)ရက်မြောက်နေ့အဖြစ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းများကို ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုတို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ အောင်မြင်စွာကောက်ယူနိုင်ရေး၊ လုပ်ငန်းများအချိန်မီပြီးစီးရေးတို့အတွက် တာဝန်ရှိသူများမှ ကော်မတီဖွဲ့စည်း၍ အနီးကပ်စောင့်ကြပ်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သို့ရာတွင် ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော ဌာနဆိုင်ရာများနှင့် ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သန်းခေါင်စာရင်းကောက်ကွက်များသို့သွားရောက်၍ စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူမှုများအပေါ် အနီးကပ်ကြည့်ရှုစောင့်ရှောက်ပေးခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရပ်ကွက် (၃)ခု၊ ကျေးရွာအုပ်စု (၄)အုပ်စုရှိ စာရင်းကောက်ကွက် (၅၆)ကွက်၊ အိမ်ထောင်စုပေါင်း (၄၄၆၁)စုရှိပြီး ဆရာ/ဆရာမ (၁၅)ဦး၊ Volunteer (၅)ဦး စုစုပေါင်း (၂၀) ဦး၊ အဖွဲ့ (၄) ဖွဲ့တို့ဖြင့် အောက်တိုဘာလ (၁)ရက်မှ စတင်ကောက်ယူခဲ့ရာ (၁၅) ရက်နေ့အတွင်း အပြီးကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)