ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ

ပခုက္ကူ အောက်တိုဘာ ၃

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပူဇော်ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ရှိးခိုးကန်တော့ကြပြီး ဂါရဝပြုကန်တော့ပစ္စည်းများပေးအပ်ကြရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများက ဆုပေးဩဝါဒစကားများ ချီးမြှင့်ခဲ့သည်။

ထို့နောက် ပခုက္ကူတက္ကသိုလ် စာကြည့်တိုက်အတွက် ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး) များက စာအုပ်များပေးအပ်လှူဒါန်းခြင်း၊ ခေတ္တပါမောက္ခချုပ်က ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဂါရဝပြုသီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)