ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဆက်လက်ကောက်ယူ

ကန်ကြီးထောင့် အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးတွင် အောက်တိုဘာလ (၁) ရက်နေ့နံနက်ပိုင်းမှစတင်၍ မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိရာ ယနေ့နံတွင်လည်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထို့သို့ ကောက်ယူရာတွင် မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နံနက် (၈) နာရီခွဲအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ လဟာကလူကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာ၊ ကြူတန်းကျေးရွာအုပ်စု၊ ကြူတန်းကျေးရွာတို့တွင် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျကောက်ယူနေမှု အခြေအနေများအား သွားရာက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအား ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၃) အုပ်စု၊ ကောက်ကွက်ပေါင်း (၃၂) ကွက်တို့၌ စာရင်းစစ် (၃၆) ဦး၊ စာရင်းကောက် (၁၂၅) ဦးတို့က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ၁၅ ရက်နေ့အတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)