ပခုက္ကူမြို့ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ပခုက္ကူ  အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန္ဒာအောင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားပြီး ပုံပြင်၊ ကဗျာ၊ သီချင်းနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကျင်းပရာ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ် ၁၅၀ ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။ 

အခမ်းအနားတွင် ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာ၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်လေးများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)