ဆင်ပေါင်ဝဲ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာစာရင်းကောက်ကွက်အသီးသီး၌ အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းက စတင်ကောက်ယူကြသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၃၁ အုပ်စုတို့၌ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ကွက်ပေါင်း ၁၆၂ ကွက်အား စာရင်းကောက် စာရင်းစစ်(၇၀)ဦးတို့က ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များသို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းပါ အချက်အလက်များကို Mobile Tablet များဖြင့် အိမ်ထောင်စုမေးခွန်းများမေးမြန်းခြင်း၊ အဖွဲ့အစည်းမေးခွန်းပုံစံများမေးမြန်းခြင်းတို့ကို တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)