တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူ

တောင်တွင်းကြီး အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး​မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့ နံနက်ပိုင်းကစ၍ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီသီး၌ စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်()ခု၊ ကျေးရွာအုပ်စု(၁၁)၊ ကျေးရွာပေါင်း(၁၇)ရွာရှိ ကောက်ကွက်ပေါင်း (၄၃) ၌ စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၂၁၇) ဦးက လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈)ချက် မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကိုအသုံးချကာ စတင်ကောက်ယူလျက်ရှိကြောင်းသိရပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်၊ အဖွဲ့ဝင် ()ဗိုလ်မှူး ကျော်ဇင်ညွှန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းဇော်မင်းတို့က လှည့်လည်ကြီးကြပ်၍ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့် ကြီးကြပ်မှုကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)