ရွှေကျင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ရွှေကျင် အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ​လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူခြင်းကို အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် ကောက်လျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူရာတွင် စာရင်းစစ်/စာရင်းကောက်အဖွဲ့ (၁၃) ဖွဲ့မှ ကောက်ကွက်အလိုက် တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များက ကြပ်မတ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)