ဘိုကလေး အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် ယနေ့မွန်းတည့် (၁၂)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့သည်။
ပျက်စီးမှုများမှာ ချောင်းဗြဲကြီးကျေးရွာမှ ဦးနေစိုးနှင့် ဦးကိုဇင်တို့ ပိုင်ဆိုင်သည့် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း အလျား(၁၅)ပေ၊ အမြင့် (၁၅)ပေ နေအိမ်(၂)လုံး ပြိုကျပျက်စီးခြင်းဖြစ်ပြီး နေအိမ်ပျက်စီးသည့် မိသားစုဝင်များအား ကျေးရွာတာဝန်ရှိသူများက ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တရွှေ့ပြောင်းပေးထားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်ထိခိုက်ပျက်စီးမှုမရှိပါကြောင်းနှင့် နေအိမ်ပျက်စီးခဲ့သည် အိမ်ထောင်စုများအား ကူညီထောက်ပံ့နိုင်ရေး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စီစဉ်ဆောင်ရွက်နေပါကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)