ကျောက်ကြီးမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ကျောက်ကြီး အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး အရှေ့ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များတွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ကွက်(၁၉၇)တွင် စာရင်းစစ်(၁၆)ဦး၊ စာရင်းကောက်(၃၀)ဦး၊ စုစုပေါင်း(၄၆)ဦးဖြင့် ကောက်ယူလျက်ရှိပြီး ကောက်ကွက်အလိုက် တိကျမှန်ကန်စွာကောက်ယူနိုင်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များလိုက်လံကြည့်ရှု ကြပ်မတ်ဆောင်ရွက်ခြင်း၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးပူးပေါင်းဆောင်ရွက်ခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် သုံးဘီးမော်တော်ယာဥ်ဖြင့် လိုက်လံအသိပေးဆော်ဩခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်