သံတောင်ကြီး အောက်တိုဘာ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်(၇)နာရီမှစတင်၍ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း၍ ကောက်ယူလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်စု(၂၁)အုပ်စုတွင် စာရင်းကောက်ကွက်ပေါင်း (၅၃) ကွက်၊ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့အစည်းနှင့် ဆရာ/ဆရာမ(၄၈)ဦးတို့က အောက်တိုဘာလ (၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာများသို့ တစ်အိမ်တက်ဆင်းစနစ်ဖြင့် လိုက်လံကောက်ယူသွားမည်ဖြစ်ပြီး လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိသောရပ်ကွက်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူမည့် အဖွဲ့အစည်းများနှင့်ဆရာ/ဆရာမများ လုံခြုံရေးနှင့် သွားလည်ရေးအဆင်ပြေစေရန်အတွက် နယ်မြေခံတပ်များမှ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ