ပလောက်မြို၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအချက်အလက်များကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပလောက် အောက်တိုဘာလ ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ်(၃) ရပ်ကွက်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား စာရင်းစစ်/စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပလောက်မြို့ အမှတ်(၃) ရပ်ကွက်ရှိ ကောက်ကွက် ၁ ကွက်၊ စာရင်းစစ်/စာရင်းကောက် (၉) ဦးတို့က မြေပြင်၌ အောက်တိုဘာလ ၁ ရက်နေ့မှ  ၁၅ ရက်နေ့အထိ မြေပြင်၌ လက်တွေ့စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ စာရင်းအင်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အစဉ်ဆက်မပြတ်ရရှိရန်နှင့်လိုအပ်သော မူဝါဒစီမံကိန်း မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းနေထိုင်သူအားလုံးကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)