ကျောက်တံခါး အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စု(၆၄)အုပ်စု၌ ကောက်ကွက်ပေါင်း(၄၉၁)ခုတွင် စာရင်းစစ်စာရင်းကောက် (၁၈၈)ဦးဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာ၌ မြို့နယ်အဆင့်/ရပ်ကွက်ကျေးရွာအဆင့် ကြီးကြပ်မှုကော်မတီများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)