ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားများသို့ တက်ရောက်

ပဲခူး အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူနေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သည့် (၆၀) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွန်ချွန် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် သဲကုန်းမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ထွန်းလင်းအောင်၊ ရေတာရှည်မြို့နယ်မြေရဲစခန်းမှ ရဲတပ်သားသက်ပိုင်၊ ညောင်လေးပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဒုတပ်ကြပ် ကျော်သူဌေးနှင့် ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် သက်ဝေအောင်တို့အား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က ကဏ္ဍအလိုက် ထူးချွန်ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့ဖြန့်ဝေသည့် (၆၀) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ဂုဏ်ပြုဗွီဒီယိုမှတ်တမ်းအား ကြည့်ရှုကာ ဂုဏ်ပြုဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ခန်းမအတွင်းပြသထားသော (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အထိမ်းအမှတ် ပြခန်းများ၊ ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသည့် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ အသက် (၈၅)နှစ်အထက် ဘိုးဘွား (၆၀)ဦးအား လှူဖွယ်ပစ္စည်းများပေးအပ်ပြီး တစ်ပါတည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား၌ တိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံးဖြစ်သည့် မိုးညိုမြို့နယ်မှ အသက် (၁၁၇)နှစ် ရှိပြီဖြစ်သည့် အဘိုးဦးတင်ဟန်နှင့် ပြည်မြို့နယ်၊ ဗြူးကုန်းကျေးရွာ၌ အသက်(၁၁၈)နှစ် ရှိပြီဖြစ်သည့် အဖွား ဒေါ်ခင်ညွှန့်တို့အား ထောက်ပံ့ငွေကျပ်()သိန်းစီ ကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)