တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်  

ထားဝယ် အောက်တိုဘာ ၁

ယနေ့တွင်ကျရောက်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယခုဆိုရင်နှစ်(၆၀) ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ကို ပြည်သူလူထုယုံကြည်ကိုးစားသော တပ်ဖွဲ့အဖြစ်ပြောင်းလဲရန်ကြိုးပမ်းခဲ့ရာသစ္စာ၊ သမာဓိ၊ သတ္တိ ဆိုသည့်ဦးထိပ်ပန်ဆင်ထားသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၊ ပြည်သူအပေါ်သစ္စာရှိရန်၊ မိမိလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အဂတိကင်းရှင်းပြီး ဘက်လိုက်မှုမရှိဘဲသမာဓိရှိစွာ ဆောင်ရွက်ရန်၊ အမှန်တရားအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့် သတ္တိရှိရှိရဲရင့်စွာလုပ်ဆောင်ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အဆင့်အတန်းအားလုံးသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည်မှန်ကန်စွာ အလေးထားဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နှင့် ကြိုးပမ်းလုပ်ဆောင်သွားကြရန်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်းပြည်သူလူထုတစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမြင့်ထွန်းက ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စွမ်းရည်သတ္တိဆိုင်ရာ ရဲဗလဆုတံဆိပ်ရရှိသည့် ရဲအုပ်အောင်လင်းနှင့် ရဲအုပ်မျိုးလှိုင်ဝင်းတို့ ၂ ဦးနှင့် မှုခင်းဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မောင်ကိုကိုအား ဆုချီးမြှင့်သည်။ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆောင်ရွက်ချက်များ Video Clip အား ပြသခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)