ပခုက္ကူ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်မိုးမှ ပေးပို့သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇေယျာလင်းအောင်က ဖတ်ကြားသည်။
ထို့နောက် နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စများတွင် ရဲတပ်ဖွဲ့နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့မှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ နေအိမ်လိုင်းခန်း သန့်ရှင်းသပ်ရပ်မှုဆုတို့ကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)