ပေါင်းတည်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းစတင်ကောက်ယူမှုအား ကွင်းဆင်းကြည့်ရှု

 ပေါင်းတည် အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ကြောင်း သိရသည်။ အဆိုပါ မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေမှုများအား မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ စာရင်းကောက်အဖွဲ့များသည် Mobile Tablet ကိုအသုံးပြု၍ CAPI စနစ်ဖြင့် စာရင်းကောက်ယူလျက်ရှိပြီး ယနေ့အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ မြို့နယ်အတွင်းရှိ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းကောက်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ထံမှ သိရသည်။

ရွှေသား(ပြန်/ဆက်)