ရွှေဘို အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းမှစတင်၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များတွင် စတင်ကောက်ယူခဲ့ကြောင်းသိရသည်။
ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများအချက်အလက်(၆၈)ချက်အား မေးမြန်းကောက်ယူနေမှုများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေစစ်နယ်မြေမှူးနှင့်အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့်ခရိုင်/မြို့နယ်သန်းခေါင် စာရင်းကော်မတီဝင်များ လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူခြင်းဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)