ကံမ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကညင်တိုင်းကျေးရွာအုပ်စုတို့၌ စာရင်းကောက် စာရင်းစစ်အဖွဲ့များက အောက်တိုဘာ(၁)ရက် ယနေ့နံနက်ပိုင်းမှစတင်၍ ကောက်ယူခဲ့ကြကြောင်း သိရသည်။
ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် ကံမမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုတို့၌ အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၅)ရက်နေ့အထိ ကောက်ကွက်ပေါင်း (၂၂၅) ကွက်အား စာရင်းကောက် စာရင်းစစ် (၈၅) ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)