ကန့်ဘလူ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၁/၂/၃/၄/၅) ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်နံနက် ၈ နာရီခွဲကစတင်ကာ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်များအတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ မေးမြန်းကောက်ယူနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်သူ၊ တင့်ကားတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းလင်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် မြို့နယ်သန်းခေါင်းစာရင်းကော်မတီဝင်များက လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)