ဟားခါး အောက်တိုဘာ ၁
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံး ကောက်ယူလျက်ရှိရာ ချင်းပြည်နယ် ၊ ဟားခါးမြို့တွင်လည်း အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ကောက်ယူလျက်ရှိသည်။
ထိုသို့ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ သက်ဆိုင်ရာကောက်ကွက်များအလိုက် တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူလျက်ရှိပြီး ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက အနီးကပ်လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်များတွင် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း