သဲကုန်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သဲကုန်း အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အမှတ်စဥ် (၁/၂၀၂၄-၂၀၂၅) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သဲကုန်းမြို့ အမှတ် (၉၄) စက်မှုလယ်ယာစခန်း သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှုးဦးကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးမြတ်စိုးအောင်က သင်တန်းဖွင့်လှစ်ပေးရသည့်ရည်ရွက်ချက်များ၊ သင်တန်း၏အကျိုးကျေးဇူးများနှင့် ယခုသင်တန်းတွင် သင်ကြားပို့ချပေးမည့်ဘာသာရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှုးဦးကိုကိုက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရတာဝန်ရှိသူများမှ ထွန်စက်ကြီး Kubota (70) HP၊ ထွန်စက်ကြီး Kubota (45) HP၊ ရိတ်သိမ်းခြွေလှေ့စက် Kubota (DC-70G)၊ ကောက်စိုက်စက် Kubota၊ လက်ဆွဲကောက်စိုက်စက်များအား စနစ်တကျမောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းနည်းပြ (၇) ဦးဖြင့် သင်တန်းသား (၃၀) ဦးအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်အကြာ စာတွေ့ /လက်တွေ့ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)