သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

သာယာဝတီ အောက်တိုဘာ  

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူလျက်ရှိ​သည်။

အဆိုပါသန်းခေါင်စာရင်းကောက်ယူရာတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စု၊ ကျေရွာပေါင်း၂၆၂ ရွာရှိ ကောက်ကွက်ပေါင်း ၄၀၁ ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက် ၁၅၆ ဦးက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းကောင်စာရင်း စတင်ကောက်ယူလျက်ရှိရာ မြို့နယ်အဆင့်/ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)