သာယာဝတီခရိုင်သန်းခေါင်စာရင်းကော်မတီ မင်းလှမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှု့အားပေး

မင်းလှ  အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များသည် အောက်တိုဘာ (၁) ရက်နေ့ နံနက်ပိုင်းက မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများအားကြည့်ရှု့ အားပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သာယာဝတီခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွးနှင့်ကော်မတီဝင်များက မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းနှင့် ကော်မတီဝင်များတို့ဖြင့် တွေ့ဆုံ၍ လူဦးရေနှင်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌အောင်မြင်စွာကောက်ယူနိုင်ရေးအ တွက် ကောက်ကွက်အလိုက်ဖွဲ့စည်းတာဝန်ခွဲဝေချထားမှု၊ လုံခြုံရေးခွဲဝေထားရှိမှု၊ စာရင်း‌ဇယားများဆောင်ရွက်ထားရှိမှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် သာယာဝတီခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များက  ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှု့အားပေးခဲ့၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)