မိုးညိုမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

မိုးညို အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မိုးညိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေရွာပေါင်း ၂၁၇ ရွာရှိ ကောက်ကွက်ပေါင်း ၄၃၅ ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက် ၁၆၄ ဦးက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိရာ မြို့နယ်အဆင့်/ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ကိုမင်း(ပြန်/ဆက်)