လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

လှိုင်းဘွဲ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကြာအင်းကျေးရွာ ဘောလုံးကွင်းနှင့် ကွမ်ဘီကျေးရွာဘောလုံးကွင်းတို့၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၂၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပြီး  လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အကြီးတန်းအမျိုးသားဘောလုံးအသင်း(၁၆)သင်း၊ အလတ်တန်း အမျိုးသားဘောလုံးအသင်း (၄၈) သင်းနှင့် အငယ်တန်း အမျိုးသမီးဘောလုံးအသင်း (၇) သင်း စုစုပေါင်း ပြိုင်ပွဲဝင်ဘောလုံးအသင်း (၇၁) သင်းဖြင့် စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အထိ ကြာအင်းကျေးရွာ ဘောလုံးကွင်းနှင့် ကွမ်ဘီကျေးရွာဘောလုံးကွင်းတို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ (၁၁) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)