လိပ်သိုမြို့တွင် နနွင်းစိုက်ခင်းအချို့ အရွက်ဝါခြောက်ရောဂါ ကျရောက်

လိပ်သို  စက်တင်ဘာ  ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နနွင်းစိုက်ခင်းအချို့ အရွက်များတဖြည်း ဖြည်းဝါလာပြီးခြောက်သွေ့သွားသောရောဂါ ကျရောက်လာ၍ စိုက်ပျိုးထားသူတောင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် ယမန်နှစ် နနွင်းစိုက်ပျိုးရာသီက နနွင်းအခြောက် အထွက်နှုန်းကောင်းမွန်ခဲ့ကာ ဈေးကောင်းလည်းရရှိခဲ့သောကြောင့် စိုက်ပျိုးသူဒေသခံ တောင်သူများ  အဆင်ပြေတွက်ခြေကိုက်ခဲ့ပြီး  ယခုနှစ်စိုက်ပျိုးရာသီတွင်  စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးသူများ  တိုးပွားလာခဲ့ရာမှ ယခုလို အရွက်ဝါအရွက်ခြောက်ရောဂါ ကျရောက်လာမှုနှင့် ကြုံတွေ့လာရကြောင်း သိရသည်။

ထိုသို့ရောဂါကျရောက်နေမှုသည် နနွင်းမျိုးနှင့် သက်ဆိုင်ကြောင်း၊ တောင်ယာခုတ် မီးရှို့ရာတွင် မီးကောင်းမွန်စွာ လောင်မြိုက်မှုမရှိ၍  ယခုလိုကျရောက်ရခြင်းဖြစ်ကြောင်း၊ ပြုပြင် ထိန်းသိမ်း နည်းကိုလည်း သိရှိနားလည်သူနည်းပါး၍အရွက်ဝါ ရောဂါကျရောက်နေသော နနွင်းခင်းများအား ပေါင်းသင်ရုံမျှသာ ပြုလုပ်နိုင်ပြီး အခက်တွေ့နေရကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)