ကျိုက်လတ်မြို့နယ် ထရော်ကျေးရွာ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ထရော်ကျေးရွာ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်၊ မြို့နယ်ကုသရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည်  ထရော်ရွာသစ်ကျေးရွာအုပ်စု (၁၃) အုပ်စုမှ အထွေထွေရောဂါ လူနာများအား ကွင်းဆင်းဆေးကုသမှုများ‌ပေးခဲ့ပြီး ထရော်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်လှစ်ထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးကာ ဆေးရုံခန်းမ ဆောင်အတွင်းကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက် တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းသည် တိုက်နယ်ဆေးရုံရှိ လူနာဆောင်အခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ထရော်ကျေးလက် ကျန်းမာရေးဌာနသို့လည်း သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)