မုံရွာ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးဝန်းအတွင်းရှိ ရဲဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက် / ဦးစီးနာယကဆရာတော်/ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒတ္တမာနိတ ဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာတော်(၅)ပါး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရာက်ကြသည်။ ဦးစွာ အခမ်းအနားကို “နမောာဿ” (၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်/ ဦးစီးနာယကဆရာတော်/ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒတ္တမာနိတဆရာတော်ထံမှ ပရိတ်သတ်များက (၅)ပါး သီလ ခံယူဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး နှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အန္တရယ်ကင်း ပရိတ်ပန်းနှင့် ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၏ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့် တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီးနောက် မုံရွာမြို့၊ - အုတ်ကန်တောရစာသင်တိုက် (ဦးစီးနာယကဆရာတော်/ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒတ္တမာနိတဆရာတော်ထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရားများနာယူ၍ ရေဆက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် ဗုဒ္ဓ သာသနံ စိရံတိဌတု (၃)ကြိမ် ရွက်ဆိုဆုတောင်း၍ ́ အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)