ပန်းတောင်း စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြများ၊ သင်တန်းသား/သူ များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်သူရက ၂၀၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးသင်တန်းတတ်ရောက်ခဲ့သော မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များအား အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သူရ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်နှင့်တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးသင်တန်းတက်ရောက်ခဲ့သော မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများနှင့် နည်းပြဆရာ(၉)ဦးတို့အား အမှတ်တရလက်ဆောင်းများပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)