လက်ပံတန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း

လက်ပံတန်း   စက်တင်ဘာ   ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးများစတင်ရိတ်သိမ်းလျက်ရှိရာ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ကွမ်းခြံကျေးရွာအုပ်စု ကျေးနီရွာရှိ တောင်သူဦးခင်ဝင်း၏ Drum Seeder ဖြင့်စိုက်ပျိုးထားသော မှော်ဘီ-၃ မိုးစပါးနှစ်ဧကကွင်း၌ ယမန်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ မှော်ဘီ-၃ မိုးစပါးစိုက်ခင်းမှ တစ်ဧကလျှင် အစိုထွက်နှုန်း ၁၃၈ ဒဿမ ၆ တင်း ထွက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)