ထားဝယ် စက်တင်ဘာ ၃၀
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးအုန်းသန်းက စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်မှာကြား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်က ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။
ထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ပြီး မြိတ်/ကော့သောင်း/ဘုတ်ပြင်းခရိုင်ဥပဒေရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေ ရုံးများမှ အရာထမ်း၊ အမှုထမ်းများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)