တောင်ငူ စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အမှတ်(၂၀)ရပ်ကွက် ဝိသုဒ္ဓါရုံသိဥူးစာသင်တိုက်၌ ယမန်နေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ဆေးရုံကြီး(တောင်ငူ)မှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအားအခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ဆေးရုံကြီး(တောင်ငူ)မှ အရေပြားအထူးကုဆရာဝန် ဒေါက်တာအိရွှေစင်၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာ ဇော်မျိုးအောင်တို့ခေါင်းဆောင်သောအဖွဲ့နှင့် တောင်ငူမြို့ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအဖွဲ့တို့မှ နယ်လှည့်ကွင်းဆင်းပြီး ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)