တောင်ငူ စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စက်တင်ဘာ ၁၂ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အဆိုပါရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ရပ်ကွက်၊ ကျေးရွာများရှိ ရေတွင်း၊ ရေကန်၊ လက်နှိပ်တုံကင်အစရှိသည့် သောက်သုံးရေအရင်းအမြစ်များအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်ဦးဆောင်၍ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့များ( Rapid Response Team)နှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ချိန် ရေဘေးရှောင်စခန်း (၉၃)ခု၌ ဆရာဝန်များဦးဆောင်သော အရေးပေါ်ဆေးအကာကွယ်ပေးရေးအဖွဲ့(Emergency Medical Team) (၁၄) ဖွဲ့၊ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့( Rapid Response Team) (၉၄) ဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို (၂၄) နာရီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယခုအခါတွင် မြစ်ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများအတွင်းသို့ နယ်လှည့်ကွင်းဆင်း၍ ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)