အထက်မင်းလှ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဦးစန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ သရက်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာခင်ဌေးမြင့်က တိရစ္ဆာန်ကျန်းမာရေးလုပ်သားမွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ (၂၀) မှ သင်တန်းသား (၂၀) ဦးအား စက်တင်ဘာ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့ထိ (၃) ရက်ကြာစာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)