ရွှေတောင် စက်တင်ဘာ ၃၀
၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင်ဆုရ ကျောင်းသား၊ ကျောင်းသူများအားကြိုဆိုခြင်းနှင့် မြို့နယ်အားကစားခန်းမတွင်၌ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါကြိုဆိုပွဲအခမ်းအနားသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ဒိုင်းဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးနှင့် အုပ်ချုပ်သူနည်းပြ (၆)ဦးတို့အား ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)