မကွေး စက်တင်ဘာ ၂၉
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့က အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပရာ ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဥပဒေရုံးများရှိ ဥပဒေအရာရှိများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီး၊ ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်တို့အား ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် အကျဉ်းကို Video Clip ဖြင့် ပြသခဲ့ပြီး တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဥပဒေအရာရှိများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)