မင်းတုန်းမြိုတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

မင်းတုန်း စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်သူက သန်းခေါင်စာရင်းဆိုင်ရာကိစ္စများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်ရာ စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူ (၃၁)ဦး တက်ရောက်ခဲ့ကြပြီ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများအား သန်းခေါင်းစာရင်းကောက်ယူခြင်း လက်တွေ့ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့ကြသည်။

မင်းတုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခါင်စာရင်းကောက်ယူခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ်သတ်မှတ်ပြီး ကျေးရွာအုပ်စု (၂၂)အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် (၄)ခုတွင် ကောက်ကွက် (၆၇)ကွက် သတ်မှတ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းမှ ပြည်သူတစ်ဦးချင်း ဖြေကြား‌‌သော ကိုယ်ရေးကိုယ်တာ၊ မိသားစုများ၏ အချက်အလက်များနှင့် ပိုင်ဆိုင်မှုနှင့်ဆိုင်သော ကိစ္စရပ်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရန် ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းဥပဒေအရ အကာအကွယ်ပေးထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)