ဘုတ်ပြင်း စက်တင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စက်တင်ဘာ ၂၈ ရက်နေ့ ညနေက အခြေခံပညာအထက်တန်းကျောင်း (ဘုတ်ပြင်း) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများအား ဘုတ်ပြင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးမင်းထွေးက ခွေးရူးရောဂါကာကွယ်ရေးသိကောင်းစရာများကို လည်းကောင်း၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများနှင့် ခွေးရူးရောဂါ ကူးစက်ခံရမှုအန္တရာယ်ရှိသော သူများကိုလည်းကောင်း၊ ခွေးရူးရောဂါ ခံစားနေရသည့် ခွေးများကို ခွဲခြားနိုင်သည့်အချက်များကို လည်းကောင်း၊ လူတွင်ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများကိုလည်းကောင်း၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ ကာကွယ်ဆေးထိုးရမည့် အခြေအနေများကိုလည်းကောင်း၊ ခွေးရူးရောဂါနှင့်ပတ်သတ်၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)