ဘားအံ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ မြို့နယ်အဆင့်၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံတက္ကသိုလ် သမိုင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးသင်တန်း တက်ရောက်ခဲ့သော မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်၊ သင်တန်းသား/သင်တန်းသူ (၃၇၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)