ချောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ချောက် စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများကို မြို့နယ်သန်းကောင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ခဲ့သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်နေ့ထိ နည်းပြ (၉ )ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားပြီး ​သင်တန်းသား သင်တန်းသူ စုစုပေါင်း(၁၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ချောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ​လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်ဘိုဘိုအောင်နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)