စေတုတ္တရာမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူရေး သင်တန်းသားများ လက်တွေ့ကွင်းဆင်းဆောင်ရွက်

စေတုတ္တရာ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့ကစတင်၍ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကစတင်၍ သင်တန်းသား၊ သင်တန်းသူများက မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းများကို မြို့ပေါ်အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စု(၄၀)စုအား လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်သန်ခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့တို့၏ ဦး‌ဆောင်ကြီးကြပ်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက MobileTablet များဖြင့် လက်တွေ့ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆) အုပ်စုရှိ နေထိုင်သူများအားလုံးကို (၂၀၂၄) ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့မှ ညဥ့်သန်းခေါင်ယံ ရည်ညွှန်းချိန်မှစတင်၍ စာရင်းစစ် (၉) ဦး စာရင်းကောက်အဖွဲ့ (၃၃) ဖွဲ့က စာရင်းကောက်ကွက် (၉၇) ကွက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် Mobile Tablet ဖြင့် (၁.၁၀.၂၀၂၄)မှ (၁၅.၁၀.၂၀၂၄) ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)