တောင်တွင်းကြီး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဇီးတောကျေးရွာသို့ သွားရောက်၍ အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့ထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေး နယ်မြေလုံခြုံရေး၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအသိပညာပေးခြင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် လွယ်ကူမြန်ဆန်စေရန် မိမိတို့အိမ်တွင် လက်ရှိနေထိုင်သူဦးရေ၊ ပြည်ပထွက်ခွာသူဦးရေ၊ ရပ်ဝေးသွားရောက်သူဦးရေစာရင်းများ ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တွင် တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် ရပ်ကျေးဝန်ထမ်းများ၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးကျော်ဇင်ညွန့်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အဖွဲဝင် (၂) ဦးလှသောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းဇော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်နောင်