သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကော့ကရိတ်မြို့တွင် ပြုလုပ်ကျင်းပ

ကော့ကရိတ် စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီ၊ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၂၇)ရက်နေ့နံနက် (၁၀)နာရီအချိန်က ဒေါနခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တိကျမှန်ကန်စွာ ရရှိစေရေးအတွက် အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သန်းခေါင်းစာရင်းကောက်ယူမည်ဖြစ်ရာ ကော့ကရိတ်မြို့နယ်ရှိ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ကြီးကြပ်ဆောင်ရွက်ရမည့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေးပြောကြားသည်။

ခရိုင်(ပြန်/ဆက်)