ဖြူး စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြည်သူ့ဆေးရုံမှ သမားတော် ဦးဆောင်သော Specialist EMT အဖွဲ့မှ ဥတ္တရာရုံကျောင်းတိုက်ရှိ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာများမှ လာရောက်နေထိုင်သူများအား ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဥတ္တရာရုံကျောင်းတိုက်ဓမ္မာရုံတွင် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက သွေးတိုး၊ ဆီးချို၊နှလုံး၊ အဆစ်အမြစ်နာရောဂါနှင့် အခြားအထွေထွေရောဂါများ ကုသမှုပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်( ပြန်/ဆက်)