ပုသိမ် စက်တင်ဘာ ၂၉
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်ခင်နွယ်က ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ဆွေးနွေးတင်ပြချက်များကို ထပ်ဆင့်ရှင်းလင်းသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များအား တိုင်းဒေသကြီးဥပဒေအရာရှိက ထပ်ဆင့်ရှင်းလင်းဆွေးပြီး လုပ်ငန်းဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းအတွင်းရှိ ခရိုင်နှင့်မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)