တောင်တွင်းကြီးမြို့နယ် ​​ဇီးတောကျေးရွာရှိ ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

တောင်တွင်းကြီး စက်တင်ဘာ ၂၉

ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  တောင်တွင်းကြီးမြို့နယ်၊  ဇီးတောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌  ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ​ပြည်သူများစနစ်တကျ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ကျော်ဇင်ညွန့်၊ ဌာဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်အသင်းတို့ ပူးပေါင်း၍ စားသုံးဆီတစ်ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်နှုန်းဖြင့် ကျေးရွာနေ အခြေခံပြည်သူများအား တစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းဖြင့် ဆီ (၁၁၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)