ကျောင်းကုန်းမြို့၌ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား စာရင်းစစ်/စာရင်းကောက် သင်တန်းသားများမှ လက်တွေ့ကွင်းဆင်းစမ်းသပ်ကောက်ယူ

ကျောင်းကုန်း  စက်တင်ဘာ  ၂၈

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ ကောက်ယူမည်ဖြစ်ရာ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်ကသန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လက်တွေ့ကွင်းဆင်း စမ်းသပ်ကောက်ယူခဲ့ကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နယ်မြေ(၁)၊(၂)နှင့်(၇)တို့၌ စာရင်းစစ်/ စာရင်းကောက်အဖွဲ့(၃၁)ဖွဲ့ဖြင့် တစ်ဖွဲ့ကို(၇)အိမ်နှုန်း၊ စမ်းသပ်ကောက်ယူမှုကြာချိန် မိနစ်(၂၀)ခန့် မှန်းထားပြီး၊ စုစုပေါင်း(၂၁၇) အိမ်သို့သွားရောက်၍ တစ်အိမ်တက်ဆင်း စမ်းသပ်ကောက်ယူခဲ့ကြသည်။

အဆိုပါလက်တွေ့စမ်းသပ်စာရင်းကောက်ယူခြင်းလုပ်ငန်းသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန် ထမ်းများ၊ရပ်ကွက်နှင့်ကျေးရွာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)