ပေါက်ခေါင်း စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ရွှေသိန်းနှင့် တာဝန်ရှိ သူများက ရပ်ကွက်ကျေးရွာအုပ်စုများရှိ စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း ခန့်အပ်လွှာများပေးအပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅၈ အုပ်စု၌ ကောက်ကွက်ပေါင်း ၃၉၆ကွက်ရှိ၍ စာရင်းစစ်၊ စာရင်းကောက် ၁၅၁ ဦးဖြင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)