ဇီးကုန်းမြိုနယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကတင်း(၁၀၀)ကျော် ထွက်ရှိ

ဇီးကုန်း    စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ဧကများအား ကွင်းဆင်းကြီးကြပ်၍ရိတ်သိမ်းလျက်ရှိရာ ယမန်နေ့က သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ ကွင်းအမှတ်-၃၈၁(s) တောင်သူဦးသန်းဌေး၏ လယ်၌ ရိတ်သိမ်းခဲ့သည်။

မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမျိုးသက်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုး၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် မှော်ဘီ-၃ စပါးအမျိုးအစား ၁၀ ဧကအား စပါးရိတ်ခြွေစက်ဖြင့် ရိတ်သိမ်းခဲ့သည်။ စပါးရိတ်သိမ်းရာတွင် ကောင်း၊ သင့်၊ ညံ့သတ်မှတ်၍ စံကွက်ရိတ်သိမ်းရာတွင် ကောင်းသောစံကွက်တွင် အစိုတင်း(၁၃၂.၈၁)တင်း၊ အခြောက်(၁၁၂.၈၉)တင်း၊ သင့်သောစံကွက်တွင် အစိုတင်း(၁၂၅)တင်း၊ အခြောက်(၁၀၆.၂၅)တင်း၊ ညံ့သောစံကွက်တွင် အစိုတင်း(၁၀၁.၅၆)တင်း၊ အခြောက်(၈၆.၃၃)တင်း ထွက်ရှိခဲ့ရာ တစ်ဧကပျမ်းမျှ (၁၁၉.၇၉)တင်း ထွက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌  မိုးစပါးစိုက်ဧက(၄၈၀၇၇)တွင် ရတနာတိုး၊ ဆင်းသုခ၊ ဗီယက်နမ်၊ မှော်ဘီ-၃၊ YSR ၊ ထိုင်းနှံကောက်စသည့်ထွက်နှုန်းကောင်းသော စပါးမျိုးများကို စိုက်ပျိုးထားရှိပြီး အထွက်နှုန်းကောင်းစေရန် စိုက်ပျိုးရေးနည်းပညာများပံ့ပိုးကူညီလျက်ရှိကြောင်းနှင့် သွင်းအားစုနှင့် စိုက်ပျိုးကုန်ကျစရိတ် ထုတ်နှုတ်ပြီးပါက လက်ရှိစပါးဈေးနှုန်းနှင့် တွက်ခြေကိုက်အဆင်ပြေကြောင်း တောင်သူဦးသန်းဌေးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်